ကျိုက်လတ်မြို့နယ်၌ ပဆင-လှည်းဆိပ်ကျေးရွာချင်းဆက်လမ်း မြေကာတုတ်ရိုက်ခြင်း‌‌လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုက်လတ် ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်ထောင်စု (ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဆင-လှည်းဆိပ်ကျေးရွာချင်းဆက်လမ်း မြေကာတုတ်ရိုက်ခြင်း‌‌လုပ်ငန်းဆောင်ရွက်နေမှု မြေပြင် အခြေအနေကို ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမိုးမြင့်နှင့်တာဝန်ရှိသူများက ပဆင-လှည်းဆိပ် ကျေးရွာချင်းဆက်လမ်း မြေကာတုတ်ရိုက်ခြင်း‌‌လုပ်ငန်း လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်