ရေတာရှည်မြို့၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

 ရေတာရှည် ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(သာဂရ)တွင် ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးရဲမြင့်က သစ်တောပြုစုထိန်းသိမ်းခြင်းဆိုင်ရာ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာများ၊ ဒေသအတွင်း Fire Hotspots ဖြစ်ပေါ်မှုလျှော့ချရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းထိန်းချုပ်ရေးနှင့် တောမီးထိန်းချုပ်ရေးဆိုင်ရာနည်းလမ်းများ၊ တောမီးလောင်ကျွမ်းမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၆)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)