ဝေါ ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ ယနေ့နံနက် (၁၀)နာရီက လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေဆောင်ရွက်ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့။ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ထိုနောက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင် ဖြန့်ဝေဆောင်ရွက်ခြင်းကို ဝေါမြို့နယ်အတွင်း ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဆက်လက်ဖြန့်ဝေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)