အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ

ဗိုလ်တထောင် ဒီဇင်ဘာ

ရန်ကုန်တိုင်ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇) အနောက်ရပ်ကွက်၊ (၇) ဈေးလမ်း၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စိန်ညီလာခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီ ၄၅ မိနစ်အချိန်က ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဗိုလ်တထောင်ခရိုင် ဥပဒေအရာရှိ ဦးဆွေဦးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ရဲအုပ်သန်းထွန်းနိုင်မှ အကြမ်းဖက်မှုပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဗိုလ်တထောင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သူဇာမှ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြကြောင်း သတင်းရရှိပါသည်။

ထို့နောက် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး အသိပညာပေးဟောပြောသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာသူများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတားဆီးရေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြသည်။

 အခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးဆွေဦး၊ ဗိုလ်တထောင်ခရိုင်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ဗိုလ်တထောင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သူဇာ၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင် ဦးညွန့်ဝေ၊ အတွင်းရေးမှူး သာကေတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်သန်းထွန်းနိုင်၊ သာကေတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်တို့မှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခင်ဝင်း (ပြန်/ဆက်)