ကျောက်တံတား ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်လူစည်ကားရာ နေရာများ၌ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် ဌာနဆိုင်ရာများ ကြီးကြပ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးမှ ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သည့် မဟာဗန္ဓုလလမ်း၊ ဆူးလေဘုရားလမ်းနှင့် ၃၈-လမ်းထိမ်းတို့တွင် သွားလာနေကြသည့် ပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)