ကိုကိုးကျွန်း ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်သို့ ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)ဖြင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်း (၈)နာရီအချိန်မှစ၍ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ အရိုးအကြောနှင့် အထွေထွေရောဂါများအား စတင်ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးကုသရေးအဖွဲ့သည် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနားပြုလုပ်ကျင်းပရာ သွားပါရဂူ ဗိုလ်ကြီးသိန်းထိုက်စိုးမှ သွားနှင်းခံတွင်းပတ်သက်သည့်အကြောင်းအရာများ၊ သွားကျန်းမာရေးအကြောင်းအရာများကို ဟောပြောခဲ့သည်။ ဒုတိယဗိုလ်မှူးကြီးအောင်ဇော်ထူးမှ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)