တီးတိန်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ချင်းပြည်နယ်တာဝန်ခံ)ရောက်ရှိ တွေ့ဆုံပွဲပြုလုပ်

တီးတိန် ဒီဇင်ဘာ ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ချင်းပြည်နယ်တာဝန်ခံ) ဦးအောင်မိုးမြင့်သည် ချင်းပြည်နယ် တီးတိန်မြို့သို့ရောက်ရှိပြီး ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး/ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်က အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းစွာ‌ ရွေးကောက်ပွဲကျင်းပနိုင်‌ရေး၊ မဲစာရင်းမှန်ကန်‌ရေးစသည်များမှာကြားပြီး တက်ရောက်လာသော မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များက တစ်ယောက်ချင်းမိတ်ဆက်ပေးကာ မဲရုံအ‌ခြေအနေများ တင်ပြကြသည်။

ဆက်လက်၍ တီးတိန်မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၅ ခုနှစ် အထွေ‌ထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို မြို့နယ်ကော်မရှင်အရာရှိ ဒေါ်ညောင်လော့နွမ်းက ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများမှဆွေးနွေးသော အ‌ကြောင်းအရာများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ချင်းပြည်နယ်တာဝန်)က ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တီးတိန်မြို့တွင်‌ ရွေးကောက်ပွဲ၌မဲရုံ၅ရုံ ဖြင့်ဆန္ဒမဲ‌ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)