ညောင်လေးပင် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်လူရွယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်လာစေရန်နှင့် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းတည့် (၁)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အ.ထ.က (၁)ပြွန်တန်ဆာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းပါဝင်ပြီး Grade(10)မှ ကျောင်းသား မောင်ထွန်းသော်တာနိုင်က လူငယ်များငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုခြင်း၊ Grade(10)မှ ကျောင်းသူမချယ်ရီထွန်းက ပျောက်သောလမ်းမှာ စမ်းတဝါးဝါး၊ Grade(11)မှ ကျောင်းသား မောင်ကောင်းထက်ခန့်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade(11)မှ ကျောင်းသူ မလင်းလက်နေခြည်ဦးက လူငယ်နှင့်ဘဝပန်းတိုင်၊ Grade(10)မှ ကျောင်းသူမခင်မြတ်နိုးက အလွဲဆုံးမ မိဘများနှင့်အလွဲယူဆသောကလေးများအတွက် ဆရာတစ်ယောက်ရဲ့ဆုံးမနည်းများ အစရှိသည့် အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာခေါင်းစဥ်များအလိုက် ကျောင်းသား/ကျောင်းသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၆၅)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်/စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)