တန့်ယန်း ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ရွှေမောင်း သီလရှင်စာသင်တိုက် ဦးစီးပဓာနနာယက ဆရာကြီးဒေါ်ဥပ္ပလထေရီ ဦးဆောင်၍ဆောက်လုပ်ပြီးစီးခဲ့သော ရွှေမောင်းအောင်ကမ္ဘာ ဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ ဦးဆောင်၍ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများက ရွှေမောင်းအောင်ကမ္ဘာဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)