တောင်ငူ ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ သမဝါယမအသင်းပိုင် ငါးမွေးမြူရေးကန်မှ စွမ်းအားပြည့် မွေးမြူထုတ်လုပ်နိုင်ရေးနှင့် ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့နယ် သမဝါယအသင်းပိုင်ငါးမွေးမြူရေးကန်ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ် သမဝါယမအသင်းပိုင် ငါးမွေးမြူရေးကန်မှ စွမ်းအားပြည့် မွေးမြူထုတ်လုပ်ရောင်းချသည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးမုတ်ထုတ်လုပ်ရောင်းချမှုအတွက် သမဝါယမကဏ္ဍမှ ပြည်သူ့အတွက် ငါးဟင်းတစ်ခွက် တိုးစေရမည် ဆောင်ပုဒ်နှင့်အညီ သန့်ရှင်းလတ်ဆက်သော ငါးများထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒိုးအင်းကျေးရွာအုပ်စု၊ ရွှေဒိုးအင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ ဆောင်းဆီထွက်သီးနှံ (မြေပဲ)စိုက်ပျိုးထားရှိသည့် တောင်သူ ဦးမောင်ပြေ၏ စိုက်ခင်း (၂)ဧကအား ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် မဟင်ကျေးရွာ လူငယ်လယ်ယာနှင့် အထွေထွေသမဝါယမအသင်း လီမိတက်မှ အသင်းသား တောင်သူ အမှုဆောင်များအား နွေးစပါးစိုက်ပျိုးရာသီတွင် ရေဆင်း၊ ပေါ်ဆန်း (၂)မျိုး စပါးစိုက်ပျိုးရန်နှင့် မျိုးရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)