သဲကုန်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံစာစောင်ပြပွဲကို ယမန်နေ့က အ.မ.က(ပျားစည်)၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ကျောင်းသူများ အနေဖြင့် ဗလငါးတန်ပြည့်စုံကြွယ်ဝ၍ ဘက်စုံဖွံ့ဖြိုး တိုးတက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး၊ မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ဥပဒေများအကြောင်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအကြောင်း၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ် စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ကိုကျော်(သဲကုန်း)