ဟင်္သာတမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲပြုလုပ်

ဟင်္သာတ ဒီဇင်ဘာ ၅

ဟင်္သာတမြို့ အ.လ.က (၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီချိန်က ရွှေဂူကြီးမင်းကျောင်း  ရတနာရွှေဂူနှစ်ထပ်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမဒေါ်အိမွန်ငြိမ်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက "စာကြည့်တိုက်များဖွံ့ဖြိုးဖို့ စာအုပ်စာပေဖတ်ကြစို့" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များဖြစ်သော မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲသို့ ဆရာမများနှင့် ကျောင်းသား/သူများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ ကြသည်။

ခရိုင်(ပြန်/ဆက်)