အိမ်မဲ ဒီဇင်ဘာ ၅
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့်နှစ်စဥ် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ဒီဇင်ဘာလလူထုလှုပ်ရှားမှုအကြို လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၆)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာတွင် ကျင်းပခဲ့သည်။
ထိုကဲသို့ဆောင်ရွက်ရာ၌ အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အ-ထ-က (ခွဲ)တကော ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တကောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသားများက အ-ထ-က (ခွဲ)တကောကျောင်းရှေ့မှ ရွှေရောင်ပြကျေးရွာထိ တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ အဆိုပါကျောင်းမှ ကျောင်းသား/သူများအား အမျိုးသား၊ အမျိုးသမီး သံလုံးပစ်၊ သံပြားပစ် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)