မူဆယ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထ တိုးပွားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ ဓာတ်ပုံပြပွဲများနှင့် စာအုပ်စာစောင်ပြပွဲများကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိရာ မူဆယ်မြို့တွင်လည်း အခြေခံပညာကျောင်းများတွင် လှည့်လည်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက သုတ/ရသစာအုပ်များ၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ကျောင်းသူများ အလွယ်တကူ ဖတ်ရှုနားလည်လွယ်သည့် မှတ်တမ်းဓာတ်ပုံများ၊ ဆောင်ပုဒ်များဖြင့် ပြသဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားကြကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)