ရွှေတောင် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းမီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ သ/မဝါယမအသင်းစုများ၊ ပုဂ္ဂလိကဘဏ်များ၊ အသေးစားငွေကြေးအသင်းစုများ၊ ယက္ကန်းစက်မှုလက်မှု အသေးစားအသင်းများ၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ရေလောင်ကန်များ ပြည့်စုံလုံလောက်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)