မိုင်းယောင်းမြို့၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးအဖွဲ့များ စုစုပေါင်းအင်အား (၇၂) ဦးနှင့်အတူ တက်ရောက်သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ရွေးကောက်ပွဲနှင့် ပြည်သူ့စစ်မှုထမ်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး (Zoom Meeting) တို့ကို တက်ရောက်ပြီး ဝမ်ဘိုးအုပ်စု၊ ယမ်းမွန်းကျေးရွာတွင် လက်ယက်ကန်း ချည်ထိုးနေမှုအား သွားရောက်ကြည့်ရှု၍ လက်မှုမှတစ်ဆင့် MSME လုပ်ငန်းများ ဖြစ်ပေါ်လာစေရေး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း