ဟင်္သာတမြို့နယ်တွင်၂၀၂၅-၂၀၂၆ပညာသင်နှစ် KG ကျောင်းသူ/ကျောင်းသားများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဟင်္သာတ ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် KG ကျောင်းသူ/ကျောင်းသားများ ကိုကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းက ဒူးယား အ.ထ.က ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ပဉ္ဓမအကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်း(၃၄၅)ကျောင်း၌ KG ကျောင်းသူ၊ ကျောင်းသားပေါင်း (၄၉၃၆) ဦးတို့အား ကျွေးမွေးခဲ့ရာ ကျောင်းသားကျောင်းသူများက အစာမစားမီ လက်ဆေးခြင်း၊ နေ့လည်စာတွင် အဏုအာဟာရမှုန့်များ ထည့်သွင်းအသုံးပြု၍ ကျွေးမွေးခြင်း၊ နေ့လယ်စာစားပြီးနောက် စနစ်မှန်သွားတိုက်ခြင်းတို့ကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော ကျန်းမာရေးဌာန ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)