ကွန်ဟိန်း ဒီဇင်ဘာလ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ စာပေဝါသနာရှင်တို့ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားထားသည့် “ခေတ်သစ်ကမ္ဘာအတွက် ပညာရေးနှင့်စာရိတ္တ ပျိုးထောင်မှု”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး "ခေတ်သစ်ကမ္ဘာအတွက် ပညာရေး" ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
ထိုနောက် စာပေဝါသနာရှင် ဒေါ် နန်းနော်ဦးက “ပညာရေးနှင့်စာရိတ္တပျိုးထောင်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းထက်က “ဗြဟ္မစိုရ်ပညာရေး” ခေါင်းစဥ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုနောက် ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)