မိုးနဲမြို့ မြို့မအ‌ခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုးနဲ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်က ကျောင်းဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ မြို့မကျောင်းအုပ်ဆရာမကြီး ဒေါ်လီလီမိုးစက်က ပညာရည်ချွန်ဆုပေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အတန်းလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော KG တန်းမှ Grade-9 ထိ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးငိုပွယ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ‌ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)