လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ

လှိုင်သာယာ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်ကို ယမန်နေ့ နေ့လယ် (၂) နာရီ၌ အမှတ် (၆) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား တာ၀န်ရှိသူများက လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိသည်။

အဆိုပါလက်ကမ်းစာစောင်များကို ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် အဖွဲ့၀င်များ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့၀င်တို့မှ ပူးပေါင်း၍ ဒို့အတူတူ မဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”၊ “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်”၊ “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့”၊ “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့”စသည့်အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက်အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ