ဆိပ်ဖြူ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ စစ်ဆေးဆောင်ရွက်သည်။
ဆိပ်ဖြူမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ လူရည်ချွန်ရွေးချယ်ပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါ လူရည်ချွန်ရွေးချယ်ပွဲအား မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် ပညာရေးဌာနမှ ဆရာ/ဆရာမက မြန်မာစာ၊ အင်္ဂလိပ်စာ စွမ်းရည်များ၊ အထွေထွေဗဟုသုတများကို လူတွေ့နှုတ်ဖြေ စာမေးပွဲများ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းကို ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ GREAD–9 ၊ GREAD–10 ၊ GREAD–11 ၊ GREAD–12 တို့မှ ကျောင်းသား/ကျောင်းသူ (၂၇) ဦးတို့ လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)