မြစ်သား ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးများမဆုံးရှုံးစေရန်အတွက် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း (DoortoDoor) မြေပြင်ကွင်းဆင်းစာရင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့တွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရန် မဲစာရင်းတွင် ပါသင့်သူများ မကျန်ရှိစေရေး အသက်(၁၈)နှစ်ပြည့်နှင့်အထက်စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့်ကူမဲမြို့ပေါ်ရပ်ကွက်များတွင် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်သားမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများ၊အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးကော်မရှင် အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါရပ်ကွက်ကျေးရွာများတွင် တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ် တစ်ရပ်လုံးပြီးမြောက်အောင်မြင်စေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)