လောင်းလုံး ဒီဇင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင် ပါရှိနိုင်ရေးတွက်ကော်မတီအဖွဲ့ဝင်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃ ရက်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး၊ တတိယအထပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဒုတိယအကြိမ် မဲစာရင်းကြေညာရာ၌ မဲဆန္ဒရှင်အမည်စာရင်း မှန်ကန်စေရေးနှင့် မဲစာရင်းကျန်ရှိမှုမရှိစေရေးရည်ရွယ်ပြီး အစည်းအဝေး ကျင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးစွာ လောင်းလုံးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းလှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ အဖွဲ့ဝင်များတို့က စိတ်အားထက်သန်စွာနှင့် ပေါင်းစပ်ပူးပေါင်ဝင်နိုင်ရေး ဆောင်ရွက်ပေးစေရန်စသည်တို့ကို ပြောကြားပြီးကော်မတီအဖွဲ့ဝင်များက သိရှိချက်၊ ဆောင်ရွက်များအသီးသီးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)