ပြင်ဦးလွင်မြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ‌“ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

ပြင်ဦးလွင် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲမှ သည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ကို ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီက ပြင်ဦးလွင်မြို့ရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။   

အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်တွင် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့”စသည့်အချက်များပါဝင်ပြီး ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့၀င်များ၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့မှ တာ၀န်ရှိသူများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအင်အား ၅၀ ဦးခန့်ဖြင့်   ရပ်ကွက်ကြီး ၃၊ နာရီစင်လမ်းဆုံနှင့် ရပ်ကွက်ကြီး ၂၊ ဈေးလေးမီးပွိုင့်တို့တွင် ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား လက်ကမ်းစာစောင် ၁၅၀၀ စောင်အား  ဖြန့်ဝေပေးခဲ့ပြီး ရပ်ကွက်ကြီး ၆၊ စုပေါင်းရုံးရှေ့နှင့် ရပ်ကွက်ကြီး ၂၊ ဈေးလေးမီးပွိုင့်နေရာတို့တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့   အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)