ကော့ကရိတ် ဒီဇင်ဘာ ၅
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ လ(၂၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့နံနက် ၇ နာရီက ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မဈေးရှေ့ နှင့်လူစည်ကားရာနေရာတို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က ဖြန့်ဝေဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”ဆောင်ပုဒ်နှင့်အညီ “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်”၊ “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့”၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့” စသည့်အကြောင်းအရာများပါ လက်ကမ်းစာစောင်များကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့စုပေါင်း၍ ဒေသနေပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး အလားတူ ကျုံဒိုးမြို့တွင်လည်း ဒို့အတူတူမဲပေးကြမယ်အသိပညာပေးလက်ကမ်းစာစောင်များကို ဒေသခံပြည်သူများအား ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)