ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၃
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိစေရေး မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့် အတွက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များမှ ယမန်နေ့ ညနေပိုင်းက ရပ်ကွက်ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများထံသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း၍ မဲစာရင်းများတိုက်ဆိုင် စစ်ဆေးကြကြောင်းသိရသည်။
အဆိုပါမြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့များက ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြာအင်းကြီးကျေးရွာ သုံးတိုင်ကျေးရွာ၊ မင်္ဂလာကုန်းကျေးရွာများသို့ အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)