အိမ်မဲ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျွဲလမ်း-ကမ်းနားထိန်ငူလမ်း ကွန်ကရစ် ခင်းခြင်း (၀/၂.၂) မိုင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ဒီဇင်ဘာလ (၂) ရက်နေ့ မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါလမ်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၅၆) ရွာ၊ အိမ်ခြေ (၅၂၂၃) အိမ်နှင့် လူဦးရေ (၆၀၈၅) ဦး တို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမည်ဖြစ်ပြီး ကျေးရွာနေပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ အဆင်ပြေချောမွေ့မည်ဖြစ်ပါသည်။
ချစ်သက်လယ်