နတ်မောက် ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လူရည်ချွန်ကျောင်းသား/သူများ ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား ကစားကွင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းသား/သူများအား ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို မြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အား/ကာမှူးနှင့်ဆရာ/မများက စည်းမျဥ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းတွင် မီတာ(၁၀၀)ကျား/မ၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ မီတာ(၈၀၀)ကျား၊ မီတာ(၄၀၀)မ တို့ကို စစ်ဆေးခဲ့ရာ မြို့နယ်အတွင်းရှိ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(အောင်ဆန်း)များရှိ Grade-9၊ Grade-10၊ Grade-11နှင့် Grade-12 တို့မှ ကျောင်းသား/သူများဝင်ရောက်ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရသည်။
လှဝင်း