ပန်းတောင်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အ.လ.က (ခုံကြီး) ကျောင်းသို့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် activity များ လုပ်ဆောင်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးသူငယ်များ ဗဟုသုတရရှိစေရန် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အလုပ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအသက်အရွယ်၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဆက်သွယ်တိုင်တန်းနိုင်သော ဖုန်းနံပါတ်များစသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကလေးသူငယ်များကို ဗဟုသုတရဖွယ်ပုံပြင်များ၊ စိတ်ကြည်လင်ရွှင်လန်းစေရန် ကိုယ်ကာယလှုပ်ရှားမှု activity များ လုပ်ဆောင်စေခဲ့ပြီး အလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)