ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

နတ်မောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် ကျင်းပပြုလုပ်မည့် ကျောက်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင် စာဖတ်ရှိန်မြှင့်တင်ရေလှုပ်ရှားမှုအကြို အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

မင်းလှမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြော၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Center)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြော၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်၊နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်က  ကျင်းပခဲ့သည်။ 

တာချီလိတ်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ဝင်မုခ်ဦး ဟောင်လိတ်လမ်းဆုံအနီး၌ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့၌ စာပေချစ်မြတ်နိုးသူများဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များပူးပေါင်း၍  စာရေးဆရာနန္ဒာသိန်းဇံရေးသားသည့် ခရောင်လမ်းကို ဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ဘေးထိခိုက်လွယ်သည့်ဒေသများ၏ကဏ္ဍစုံတွင် ပံ့ပိုးကူညီရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုစီမံချက်ရှင်းလင်းပွဲ‌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဘေးထိခိုက်လွယ်သည့်ဒေသများ၏ ကဏ္ဍစုံတွင်ပံ့ပိုးကူညီရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုစီမံချက်ရှင်းလင်းပွဲ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ဉာက်ဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ၊ နံရံ ကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ကာယဉာဏပြိုင်ပွဲများပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ကာယဉာဏပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ပြည်မြို့ အ.ထ.က(၁)သိရီရတနာခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ ကအမှတ်(၁ )အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ Book Club စစာဖတ်ဝိုင်းကျင်းပပြုလုပ်

ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဇွန်လ (၂၁) ရက်နေ့နံနက် (၁၀) နာရီခွဲအချိန်က book club စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။ ပထမဦးစွာဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်က book club စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့် လူကြီးလူငယ်လူလတ်ပိုင်းတွေမကျန် အရွယ်သုံးပါးစာဖတ်ဝိုင်းများဆောင်ရွက်ခြင်းဖြင့် စာဖတ်စွမ်းရည်တွေ တိုးပွားလာမည်ဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာဖေမြင့်ရေးသားသော စဉ်းစားခြင်းစာအုပ်မှ အကျပ်အတည်းကြားမှ စဉ်းစားကြံဆတတ်သူများ ခေါင်းစဉ်ပါအသက်ဘေးမှ လွတ်မြောက်အောင်ရုန်းထွက်သည့် မီးသတ်သမား၏လျှပ်တပြတ်ဉာဏ်၊ မြည်းတိုင်းဉာဏ်နည်းသလား၊ တစ်ပန်းရှုံးသော အနေအထားမှာ ယှဉ်ပြိုင်အနိုင်ရသူများအကြောင်း၊ အင်အားချိန်ခွင်လျှာကို ပြောင်းလဲပစ်သည့် လူ့ဘီလူးကြီးဂိုလိုင်းယက် (သ) ကိုဒေးဗစ်အနိုင်ယူခဲ့ပုံအကြောင်းတို့ကို ဖတ်ကြားခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ