အုတ်တွင်းမြို့နယ်၌ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား လည်ချောင်းကွဲ ရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ဧပြီလ ၂၂ ရက်နေ့နံနက်ပိုင်းက နတ်စဉ်ကုန်းကျေးရွာအုပ်စု၊ ဆင်ကုန်တိုင်ကျေးရွာတွင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။