ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဟားခါး ဒီဇင်ဘာ ၅

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ( ၇၈ ) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ( ၇၈ ) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် လွတ်လပ်ရေးနေ့မတိုင်မီ ကျင်းပပြုလုပ်မည့် အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အားကစားနှင့်ပျော်ပွဲရွှင်ပွဲကို ဝန်ထမ်းများအချင်းချင်း ရင်းနှီး ကျွမ်းဝင်မှုရရှိပြီး စည်းလုံးညီညွှတ်မှုရရှိနိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပရာတွင် ရည်ရွယ်ချက်ကနေ သွေဖယ်မသွားအောင် တာဝန်ရှိ သူများက ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကိုလည်း ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ကျင်းပရန်လိုကြောင်း၊ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားများကိုလည်း အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့်လုပ်ငန်းကော်မတီများက အလေးထားပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အသုံးစရိတ်များသုံးစွဲရာတွင် စိစိစစ်စစ်သုံးစွဲကြရန်နှင့် ဆွေးနွေးတင်ပြလိုသည့်အချက်များရှိပါက ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်၍ လုပ်ငန်းကော်မတီ

တွင်ပါဝင်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ယခင်နှစ်အတွေ့အကြုံများကိုအခြေခံ၍ အားနည်း ချက်မရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေတို့က အကြုံပြုဖြည့်စွက်ဆွေးနွေးတင်ပြပြီး (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနာယက၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)