ရွှေကျင်မြို့နယ်တွင် မဲဆန္ဒရှင် အမည်စာရင်း ပြည်စုံမှန်ကန်‌စေရေး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ဆက်လက် ကွင်းဆင်းဆောင်ရွက်

ရွှေကျင် ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မဲစာရင်းပါရှိမှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက်ပိုင်မှစ၍ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ပြီး တိုက်ဆိုင်စစ်ဆေးကောက်ယူ ဆောင်ရွက်လျက်ရှိသည်။

ရွှေကျင်မြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦး‌ဇေယျာဟိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များ ပါဝင်သော ကွင်းဆင်းကောက်ယူရေး အဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း နေထိုင်သည့် အိမ်ထောင်စုအလိုက် မဲစာရင်းပါ/မပါ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲစာရင်း၌ အမည်မပါဝင်ပါက ထည့်သွင်းခြင်း၊ မဲစာရင်းပါအချက်အလက် ပြင်ဆင်ရန်ရှိပါက ပြင်ဆင်ခြင်းတို့ ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)