ဒေးဒရဲ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများ မှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် သက်ဆိုင်ရာဌာနအလိုက် အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့်မဲစာရင်းများအား တစ်အိမ်ဝင် တစ်အိမ်ထွက် (Door to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်းအား ဖျာပုံခရိုင် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အမှတ် (၃) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအလိုက် ကွင်းဆင်းသွားရောက်၍ မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေး၊ မဲစာရင်းအချက်အလက်များ မှန်ကန်စေရေး၊ မပါဝင်သင့်သူများ မပါဝင်စေရေးတို့အတွက် လိုအပ်သည့်ပုံစံများ ဖြည့်သွင်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း