သရက် ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေးအတွက် နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၄ ရက်နေ့ထိ တစ်အိမ်ဝင် တစ်အိမ်ထွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များတို့က အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးမှုများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့ထိ (၂)ပတ်ကြာ ကပ်ထားကြေညာပေးထားပြီး အိမ်ထောင်စုဇယားတွင် အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင် မဲပေးနိုင်ရေး၊ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများအလိုက် အစုအဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းပြီး တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ပါကြောင်း သိရသည်။
ဇော်ထက် (သရက်)