ကျိုက်လတ် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းပြည်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၃)ရက်၊ ညနေ(၅)နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမင်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များလိုက်ပါခဲ့ပြီး ကျိုက်လတ်မြို့နယ်အမှတ်(၅) ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မဲစာရင်းများအား မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှု လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဆန္ဒမဲပေးကြမည့် ပြည်သူများကိုလည်း လူမှုရေးရာဝန်ကြီးက ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)