ကန်ကြီးထောင့် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့ ညပိုင်းက ကန်ကြီးထောင့် မြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်မှုနေမှုအခြေအနေအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ထိုသို့ လာရောက်ကြည့်ရှု့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ကန်ကြီးထောင့်မြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများမှ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်မှုနေမှုအခြေအနေများအား ကြည်ရှု့စစ်ဆေးခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ လိုက်လံရှင်းလင်းပြသခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)