ကန်ကြီးထောင့် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဆီထွက်သီးနှံနေကြာ၊ ပဲပုပ် လျာထားချက်ပြည့်မီရေးကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ခုံဇင်ကုန်းကျေးရွာအုပ်စုနှင့် ကျွန်းတောကုန်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးသန်းဇော်တို့က ခုံဇင်ကုန်းကျေးရွာအုပ်စု၊ အညာတန်းကျေးရွာနှင့် ကျွန်းတောကုန်းကျေးရွာအုပ်စု၊ ကျွန်းတောကုန်းကျေးရွာရှိ ဒေသခံတောင်သူများအားတွေ့ဆုံ၍ ဆီထွက်သီးနှံနေကြာ၊ ပဲပုပ် လျာထားချက်ပြည့်မီရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး