မဟာအောင်မြေမြို့နယ်၌ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာ‌ပေး ဟောပြောပွဲကျင်းပ

‎‎မဟာအောင်မြေ ဒီဇင်ဘာ ၅

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

‎‎ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးညီဝင်းသူက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များနှင့် လူငယ်များအနေဖြင့် စာအုပ်စာစောင်များကို အမြဲလေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေကို အမြဲလေ့လာဖတ်ရှုနေမှသာ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊‌ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း ရှာဖွေ၍ လေ့လာမှတ်သားစေလိုကြောင်း စသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။

‎‎ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်များအတွက် ပညာ၏တန်ဖိုးနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

‎‎ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

‎‎အောင်ဇော်မင်း