ကော့သောင်း ဒီဇင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ကျား/မအခြေပြု အကြမ်းဖက်မှု GENDER BASE VIOLENCE (GBV) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာအထက် တန်းကျောင်းခွဲ၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း မဟော်ဂနီခန်းမတွင် ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကော့သောင်းခရိုင်ပညာရေးမှူးဆရာမကြီး ဒေါ်ဝင်းမာက အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ကော့သောင်းခရိုင် လူမူဝန်ထမ်းဦးစီးဌာနရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းကအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ အမျိုးသမီးများအနေဖြင့် မသိရှိဘဲ အကြမ်းဖက်ခံနေရမှု ဖြစ်စဉ်များ၊ အကြမ်းဖက်မှု အမျိုးအစားများနှင့်နောက်ဆက်တွဲ အကျိုးဆက်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။
ယင်းနောက်အကြမ်းဖက်မှုပပျောက်ရေး ရဲလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမိုးကျော်သူက အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်နေသည့် အကြောင်းအရာများ၊ အကြမ်းဖက်မှုပြစ်မှုဆိုင်ရာ ဗဟုသုတများကို ပြောကြားပြီး၊ ခရိုင်ဥပဒေရုံးမှ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်ဝါဝါဆွေက အမျိုးသမီးများအကြမ်းဖက်ခံရခြင်းနှင့်ပတ်သက်သော ဥပဒေများ၊ ထောင်ဒဏ်များ၊ ပြစ်ဒဏ်အမျိုးအစားများနှင့် တိုင်ကြားဆက်သွယ်နိုင်သည့် လိပ်စာများအား အသိပညာပေး ပြောကြားသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူလူထုအတွင်းသို့ GBV လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ဌာနအသီးသီးမှ ဟောပြောခဲ့သော အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းဆိုင်ရာများအား အမေး၊ အဖြေပြုလုပ်၍ တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)