သင်္ဃန်းကျွန်း ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဘေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ဘီအိုစီကားမှတ်တိုင်နှင့် ငမိုးရိပ်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ စံပြဈေးကားမှတ်တိုင်တို့ရှိ ခရီးသွားပြည်သူများနှင့် ဦးတင်ဦးလမ်းပေါ်ရှိ ပျံကျဈေးအတွင်း ဈေးရောင်းချနေသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများထံသို့ "ဒို့အတူတူမဲပေးကြမယ်" စာသားနှင့် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့" စာသားများပါ လက်ကမ်းစာစောင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်ဝါဝါဝင်းမြိုင်ပါဝန်ထမ်းများဖြင့် လက်ကမ်းစာစောင် (၁၀၀၀) စောင်အား ဒီဇင်ဘာလ ၄ ရက်နေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ပါကြောင်းနှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် ထွန်းထွန်းလတ်ဦးစီး (၁+၆) ဦးတို့မှ လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မိုး