မလှိုင် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးကွင်းပြတ် စံကွက်ရိတ်သိမ်းခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့က ရုံးတောကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးကွင်းပြတ် စံကွက်ရိတ်သိမ်းခြင်းကို ကျောင်းစုကျေးရွာ ကွင်းအမှတ် (၂၂၄) ဦးပိုင် အမှတ် (၁၃၅/၂) ဧရိယာ (၁.၆၆) ဧကရှိ တောင်သူ ဦးအေးလူ၏ လယ်မြေ၌ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကျောင်းစုကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။ တောင်သူ ဦးအေးလူ စိုက်ပျိုးထားသည့် ဆင်းသုခစပါးမျိုးကွဲ (၁.၆၆) ဧကရှိ လယ်မြေအား စံကွက်ရိတ်သိမ်းခဲ့ရာ (၆.၆' x ၆.၆')စံကွက် အထွက်နို့ဆီဗူး (၁၃) ဗူး၊ ပျမ်းမျှစပါးအခြောက် (၉၈.၀၂) တင်းထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)