မိတ္ထီလာမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ

မိတ္ထီလာ ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မြေစိုက်ပိုစတာများကို ဒီဇင်ဘာလ ၄ ရက်နေ့က လူစည်ကားရာနေရာများတွင် စိုက်ထူထားရှိကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေး ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဒို့အတူတူမဲပေးကြမယ်နှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ မြေစိုက်ပိုစတာများ စိုက်ထူခြင်းများကို ဆောင်ရွက်လျက်ရှိရာမှ ဒို့အတူတူမဲပေးကြမယ်နှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ မြေစိုက်ပိုစတာများကို ခရိုင်မီးသတ်ဦးစီးဌာနအနီး၊ ရန်ကုန်-မန္တလေးကာလမ်းဘေး တော်ဝင်နန်းမီးပွင့်အနီးနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်းသွား ကားလမ်းဘေး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအနီးသို့တွင် စိုက်ထူထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)