ချမ်းမြသာစည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ

ချမ်းမြသာစည် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာန သင်တန်းခန်းမတွင် ယနေ့နံနက် ၉ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူး ထွန်းဇံဖြူက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင်ဗိုလ်မှူးထွန်းဇံဖြူနှင့် အရန်မီးသတ်ဒုတိယတပ်ရင်းမှူး ဦးဝင်းမောင်တို့မှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အပ်နှင်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးထွန်းဇံဖြူနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)