အမရပူရ ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာစာဘာသာ၊ အင်္ဂလိပ်စာဘာသာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေများနှင့် ကိုယ်ကာယကြံခိုင်မှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade - 9 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး တာဝန်ရှိဆရာ၊ ဆရာမများက စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့နံနက်တွင် အားကစားပြိုင်ပွဲများကို ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
စိုးသီဟ(အမရ)