တောင်ငူမြို့၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

တောင်ငူ ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မူလွန်ကန်တော်ကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်အေးက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။

ထို့နောက် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား အသိပညာ ဗဟုသုတရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းများဆောင်ရွက်၍ ပုံပြင်ပြောပြခြင်း၊ ကလေးငယ်များအား စာဖတ်သည့် အလေ့အထများရရှိစေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းခြင်းတို့ဆောင်ရွက်ပြီး၊ အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)