အောင်မြေသာစံ ဒီဇင်ဘာ ၅
မြို့နယ်ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က မဲပေးသည့်စက်ဖြင့်ဆန္ဒမဲပေးနည်း သရုပ်ပြပွဲပြုလုပ်ကို ဒီဇင်ဘာလ ၅ ရက်နေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက်၊ ၁၅၃၊ လမ်း ၂၀×၈၂ လမ်းထောင့်၊ တဝဂူမြတ်စွာဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အတွင်းရေးမှူး ဦးဇော်ထက်က MEVM စက်အသုံးပြုပုံနှင့်ဆန္ဒမဲပးပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူ(၁၀၀)ဦးက လက်တွေ့သရုပ်ပြ မဲပေးခြင်းများ ပြုလုပ်ကြသည်။
အခမ်းအနားသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းထွန်းနှင့်အဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းကိုကိုနှင့် ရာအိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူများ တက်ရောက်ကြသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)