ဖြူးမြို့နယ်၌ ​မြို့နယ်အဆင့် လူရည်ချွန်အတွက် ကိုယ်ကာယကြံ့ခိုင်မှုစိစစ်ရွေးချယ်

ဖြူး ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ထူးချွန်ထက်မြက်သော လူရည်ချွန် ကျောင်းသား/သူများ ပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက် အားထားရမည့် အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်​လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုယ်ကာယကြံ့ခိုင်မှု စိစစ်ရွေးချယ်ခြင်းကို မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ Grade-9 မှ Grade-12 အထိ ကျောင်းသား /ကျောင်းသူ(၃၆)ဦးမှ  ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးရွေးချယ်ရာတွင် အိပ်ထမတင်၊ ဒိုက်ထိုး၊ ရပ်လျက်အလျားခုံ၊ (မ)မီတာ ၁၀၀ တာဝေး၊ (ကျား)မီတာ ၈၀၀ တာဝေး အပြေးပြိုင်​ခြင်းများကို စိစစ်ရွေးချယ်ကြပြီး မြန်မာ၊ အင်္ဂလိပ်၊ အထွေထွေ ဗဟုသုတ၊ လူတွေ့နှုတ်ဖြေ ဘာသာများကို စိစစ်ရွေးချယ်ထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)