မင်္ဂလာတောင်ညွန့် ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ဗညားဒလလမ်းရှိ ယုဇနပလာဇာဈေးတွင် မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဟိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်၀င်းစိန်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ခံများနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)