မိုင်းပန် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းတွင် မီးသတ်ပညာထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲမှူး ကျော်သိန်းနိုင်တို့မှ သင်တန်းသားများအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)