ကျိုင်းတုံ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် အဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း လမ်း၊ တံတား ကဏ္ဍတိုးတက်ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ပြည်နယ်ရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းတွင် မြေတောင်ချဲ့ခြင်းလုပ်ငန်း၊ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကျေးလက်ဒေသေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုင်းယန်းမြို့နယ်၊ ယမ်းခိုင်ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယမ်းခိုင်-ဝမ်တောင်း-နမ့်မုတ်လမ်းဆောင်ရွက်နေမှု၊ ကျိုင်းတုံမြို့နယ် ကတ်တောင်-ဝမ်ပတ်-ဟိုယမ်း ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အောင်ဇင်မြင့်(ပြန်/ဆက်)